ကျောက်တံတားမြို့နယ်၌ မီးခိုးမြူငွေ့လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောက်တံတား ဩဂုတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးကျင်းပသော မီးခိုးမြူငွေ့လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ကျောက်တံတား)၊ စကားဝါခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးအရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းက အမှာစကားပြောကြားပြီးနောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးဇော်အောင်က မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုဖြစ်ပေါ်ရသည့်အကြောင်းရင်းများ၊ ဆိုးကျိုးများနှင့် ဖြစ်ပေါ်လာနိုင်သောရောဂါများ၊ လူသားများနှင့် ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုနှင့် ရာသီဥတုပြောင်းလဲမှုလျော့နည်းစေရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာများကိုလည်းကောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ တာဝန်ခံ ဦးသန်းထိုက်အောင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍လည်းကောင်း ဟောပြောပြီးနောက် တာဝန်ခံ ဦးသန်းထိုက်အောင်နှင့် ဝန်ထမ်းများက အမှိုက်များကို စနစ်တကျစွန့်ပစ်နိုင်ရေးအတွက် သရုပ်ပြဆောင်ရွက်ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)