မိုင်းဆတ် ဩဂုတ် ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ် ပညာရေး(ဂျီအီးစီ) သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နေ့လယ် (၁)နာရီက အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သူဇာခင်နှင့် အသင်းဥက္ကဋ္ဌ ဒေါ်ဥမ္မလွင်တို့က အဖွင့်အမှာစကားပြောကြားပြီး စာရင်းစစ်အဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးရှင်းတမ်းနှင့် နှစ်ချုပ်အစီရင်ခံစာအား ဒေါ်သူဇာဝင်းက ဖတ်ကြားကာ ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များအား ဒေါ်ဝါဝါဇော်က ဖတ်ကြားသည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာရေးရှင်းတမ်း၊ နှစ်ချုပ်အစီရင်ခံစာနှင့် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာပါ ရှေ့လုပ်ငန်းစဉ်များကို အဆိုပြုခြင်း၊ ထောက်ခံခြင်းနှင့် အတည်ပြုချက် ရယူခြင်းတို့ဆောင်ရွက်ပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ ပညာရေး(ဂျီအီးစီ) သမဝါယမအသင်းလီမိတက်ကို ၁၉၉၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အသင်းသား၊ အသင်းသူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွား ဘဝတိုးတက်ရေးအတွက် အကျိုးရှိစေကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)