ဒဂုံမြို့သစ်ခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ အလုပ်အမှုဆောင်ခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ဒဂုံမြောက် ဩဂုတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ဒဂုံမြို့သစ်ခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ အလုပ်အမှုဆောင်ခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနားကို အမှတ်(၄၈)ရပ်ကွက်၊ အေဂျီသာသနာ့ကောင်စီရုံးချုပ် အစည်အဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဗဟိုဥက္ကဋ္ဌကြီး ဦးဝဏ္ဏက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ ဒဂုံ(မြောက်)၊ ဒဂုံ(တောင်)၊ ဒဂုံ(အရှေ့)၊ ဒဂုံဆိပ်ကမ်းမြို့နယ်များမှ အမှုဆောင်များအား တာဝန်ရှိသူများမှ ခန့်အပ်လွှာများပေးအပ်ခဲ့သည်။

ဆက်လက်၍ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့မှ ဒဂုံမြို့သစ်ခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့သို့ အလှူငွေကျပ် ()သိန်း၊  ရန်ကုန်တိုင်းဒေသကြီး အစ္စလာမ်ကောင်စီမှ အလှူငွေကျပ် (၁၀)သိန်း ပေးအပ်ခဲ့သည်။ ထို့နောက် အခမ်းအနားကျင်းပခွင့်ပြုပါသော အေဂျီကောင်စီအား ကျေးဇူးတင်လက်ဆောင်မွန်ပေးအပ်ခဲ့ပြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဒဂုံမြို့သစ်ခရိုင်ဥက္ကဋ္ဌ ဦးစံငြိမ်းမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ