ဆိပ်ကြီးခနောင်တို သြဂုတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက ဆိပ်ကြီးခနောင်တိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က-ခနောင်တို) အောင်ဆန်းခန်းမတွင် ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ရဲတပ်ဖွဲ့ ဒု-ရဲမှူးဇော်မိုးက ဆက်သွယ်ရေးလိမ်လည်မှုနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးခိုင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယိုနှစ်ခုအား ပရိုဂျက်တာဖြင့် ပြသပေးခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ ဆိပ်ကြီးခနောင်တိုမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးခိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုတိယရဲမှူး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အ.ထ.က ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)