သာကေတ ဩဂုတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်ခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းပြင်ပ အလယ်တန်းပညာရေး (NFME) နှင့် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) စခန်းများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ရှုခင်းသာရပ်ကွက်၊ ဇေတဝန်စာသင်တိုက်တွင် ယမန်နေ့နံနက် (၉:၃၀) အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဗိုလ်တစ်ထောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်မှ အဖွင့်အမှာစကားပြောခဲ့သည်။ ထို့နောက် ကျောင်းပြင်ပအလယ်တန်းပညာရေး (NFME) နှင့် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) စခန်းများအတွက် ထောက်ပံ့ငွေပေးငွေများကို ဗိုလ်တထောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်မှ ထောက်ပံ့ငွေ (၃၀၀၀၀၀)ကျပ်နှင့် ဗိုလ်တထောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ လှူဒါန်းသည့် ကျောင်းသုံးဗလာစာအုပ် (၃၆)ဒါဇင်ကို အ.မ.က(၁၅)၊ ဇေတဝန်စာသင်တိုက် စခန်းတာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဟန်မြင့်နှင့် အ.လ.က(ခွဒ)မ-၁၈ စခန်းတာဝန်ခံ ကျောင်းအုပ်ကြီးကိုယ်စား ဆရာမဒေါ်ဥမ္မာအေးကလည်းကောင်း ဗိုလ်တထောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဦးကျော်ထွန်းမှ ထောက်ပံ့ငွေ (၃၀၀၀၀၀)ကျပ်နှင့် ကျောင်းသုံးဗလာစာအုပ်မျာကို အ.လ.က-၄၊ ဇေတ၀န်စာသင်တိုက် စခန်းတာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆွေမြင့်မှလည်းကောင်း၊ ဗိုလ်တထောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်ကြည်မှ ကျောင်းပြင်ပအလယ်တန်းပညာရေး (NFME) နှင့် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ဆရာမများအတွက် ထောက်ပံ့ငွေ (၁၅၀၀၀ဝ)ကျပ်နှင့် ကျောင်းသုံးဗလာစာအုပ်များအား မြို့နယ်ကြီးကြပ်ရေးမှူး ဆရာမကြီးဒေါ်လှလှဌေးနှင့် ဆရာမများကလည်းကောင်း၊ ဗိုလ်တထောင်ခရိုင် ပညာရေးမှူး ဒေါက်တာခင်သူဇာစိန်မှ ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ဆရာမများအတွက် ထောက်ပံ့ငွေ (၂၇၀၀၀ဝ)ကျပ်နှင့် ကျောင်းသုံးဗလာစာအုပ်များအား ပေးအပ်ရာ မြို့နယ်ကြီးကြပ်ရေးမှူးဆရာမကြီး ဒေါ်ယဉ်ယဉ်သန်းနှင့် ဆရာမများမှလည်းကောင်း၊ ကျောင်းပြင်ပအလယ်တန်းပညာရေး (NFME) ကျောင်းသား/သူများအား ထောက်ပံ့ငွေ (၄၇၁၂၂၅)ကျပ်နှင့် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ကျောင်းသား/သူများအတွက် ထောက်ပံ့ငွေ (၃၀၁၅၈၄)ကျပ်နှင့် ကျောင်းသုံးဗလာစာအုပ်များအား သာကေတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူမှပေးအပ်ခဲ့ရာ အ.မ.က-၁၅၊ ဇေတဝန်စာသင်တိုက်စခန်း ကျောင်းသား/ကျောင်းသူများနှင့် အ.လ.က(ခွဲ)မ-၁၈ စခန်း ကျောင်းသား/ကျောင်းသူများမှလည်းကောင်း၊ အ.မ.က(၃၀)၊ ကျောင်းချောင်းကျောင်းတိုက ကျောင်းသား/သူများအတွက် ထောက်ပံ့ငွေ(၂၅၁၃၂ဝ)ကျပ်နှင့် ကျောင်းသုံးဗလာစာအုပ်များအား သာကေတမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့် အဖွဲ့ဝင်များမှ အ.မ.က(၃၀)၊ ကျောင်းချောင်းကျောင်း တိုက်စခန်းမှ ကျောင်းသား/ကျောင်းသူများမှလည်းကောင်း၊ အ.လ.က-၄ ဇေတဝန်စာသင်တိုက် ကျောင်းသား/သူများအတွက် ထောက်ပံ့ငွေ (၆၂၈၃၀ဝ)ကျပ်နှင့် ကျောင်းသုံးဗလာစာအုပ်များအား သာကေတမြို့နယ်ပညာရေးမှူး ဒေါ်နန်းနုနုကြည်မှ အ.လ.က-၄၊ ဇေတဝန်စာသင်တိုက်စခန်း ကျောင်းသား/ကျောင်းသူများမှလည်းကောင်း၊ ထောက်ပံ့ငွေနှင့် ဗလာစာအုပ်များအာ အသီးသီးလက်ခံရယူခဲ့သည်။
ဆက်လက်၍ ဗိုလ်တထောင်ခရိုင် ပညာရေးမှူး ဒေါက်တာခင်သူဇာစိန်မှ ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားခဲ့ပြီးနောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကာ (၁၀:၃၀)အချိန်တွင် အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဗိုလ်တထောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဗိုလ်တထောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါက်တာခင်သူဇာစိန်၊ သာကေတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သာကေတမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းနုနုကြည်နှင့် တာဝန်ခံ ဆရာ/ဆရာမများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ရှုခင်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များစခန်း(၃)ခုမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်းအင်အား (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အိရွှေစင်လတ်(ပြန်/ဆက်)