အင်းစိန် သြဂုတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားရရှိပြီးစာဖတ်ရှိန် ပိုမိုမြင့်မားလာစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (Mobile Library Bus) ဖြင့် ပြည်သူများနှင့် စာသင်ကျောင်းများအရောက် စာအုပ်များသွားရောက်ဌားရမ်းပေးလျက်ရှိရာ ယနေ့က အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း (အင်းစိန်) နှင့် အင်းစိန်အကျဉ်းထောင်ဝန်ထမ်းအိမ်ရာများထံသို့ သုတ/ရသ စာအုပ်၊ စာစောင်မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။
အဆိုပါရွေ့လျားစာကြည့်တိုက်ယာဉ်ပေါ်တွင် စာအုပ်များငှားရမ်းဖတ်ရှုသူများ အဆင်ပြေစေရေးအတွက် စာဖတ်သူအကြိုက် စာအုပ်စာစောင်များကို နှစ်ပတ်တစ်ကြိမ် သွားရောက်ငှားရမ်းပေးလျက်ရှိရာ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက အထူးသဘောကျနှစ်ခြိုက်လျက်ရှိကြောင်း သိရသည်။
အသိပညာဗဟုသုတများစွာ ရရှိမည့် သုတ/ရသ၊ မဂ္ဂဇင်း၊ ဝတ္တု၊ရုပ်ပြစာအုပ်များ ပါရှိပြီး စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ်လဲလှယ်ပေးလျက်ရှိရာ ယခင်ဌားရမ်းပေးခဲ့သော စာအုပ်များကို လက်ခံရယူခဲ့ကြပြီး ဆက်လက်ဌားရမ်းပေးခဲ့ရာ ယခုငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တပတ်တစ်ပတ်ပြည့်လျှင် စာအုပ်အသစ်များဖြင့် ထပ်မံလဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်းကျော် (ပြန်/ဆက်)