မိုင်းယောင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

မိုင်းယောင်း ဩဂုတ် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့တွင် မြို့မရပ်ကွက်နှင့် မိုင်းလွေကျေးရွာတို့၌ ပြုလုပ်ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းဝင်းတင်နှင့် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးမိုးဝင်း(ခ)တင်မိုးဝင်းတို့က ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ကော်မရှင်ရုံးမှ ဝန်ထမ်းများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနည်းအား သရုပ်ပြသပြီး တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံများ၊ ဒေသခံပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းကို လက်တွေ့လုပ်ဆောင်ကြကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း