ကျေးသီး ဩဂုတ် ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်၊ ကျေးရွာအုပ်စုများရှိ ကျေးရွာဘုန်းကြီးကျောင်းများတွင် ကျေးရွာအုပ်စု (၉)အုပ်စုအား မဲဆန္ဒရှင်ပြည်သူများကို မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နောင်ဖြူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းကို ကျေးရွာအုပ်စု (၉)အုပ်စုတို့မှ မဲဆန္ဒရှင်များသို့ ကွင်းဆင်းလှည့်လည်ဟောပြောခဲ့ကြောင်း သိရသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဝန်ထမ်းများ၊ မဲပေးစက်အသုံးပြုခြင်းဆိုင်ရာသင်တန်းတက်ရောက်ထားသော ကျောင်းဆရာ/မများနှင် Volunteerများမှ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုပုံအဆင့်ဆင့်ကို ရှင်းလင်းခဲ့ပြီး တက်ရောက်လာကြသူများအား တစ်ဦးချင်းအလိုက် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
စိုင်းငင်း(ပြန်/ဆက်)