မိုင်းရယ်၌ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား မြန်မာအီလက်ထရောနစ်မဲ‌ပေးစက် (MEVM) အသုံးပြုနည်းစနစ် အသိပညာပေးဟောပြာခြင်းနှင့် စမ်းသပ်ဆန္ဒမဲ‌ပေးခြင်း လက်တွေ့သရုပ်ပြအခမ်းအနား ပြုလုပ်

မိုင်းရယ် ဩဂုတ် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကြီးမှူးကျင်းပသည့် မြန်မာအီလက်ထရောနစ်မဲ‌ပေးစက်(MEVM) အသုံးပြုနည်းစနစ် အသိပညာပေး ဟောပြာခြင်းနှင့် စမ်းသပ်ဆန္ဒမဲ‌ပေးခြင်း လက်တွေ့သရုပ်ပြအခမ်းအနားကို ယနေ့နံနက် ၉ နာရီက၊ မိုင်းရယ်မြို့ နမ့်ရယ်ခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင် တန့်ယန်းခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်နှင်းနှင်း‌အောင်က မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုင်းလုံက ရှမ်းဘာသာဖြင့် ပြန်လည်ရှင်းလင်းသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ မိုင်းရယ်မြို့နယ် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)