ကျေးသီး ဩဂုတ် ၂၉
ကျေးသီးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော (MCCT)အာဟာရ အသိပညာပေးဆင့်ပွားသင်တန်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတေဇာဖြိုးမင်းမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အာဟာရအသိပညာပေးဆင့်ပွားသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ၊ MCCT အာဟာရအကြောင်းတို့ကို Power Point ဖြင့် အသိပညာပေးရှင်းလင်းခဲ့သည်။ ထို့နောက် ကျေးသီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မောင်မောင်မြတ်ဗိုလ်သူက ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂)နှစ်အောက် ကလေးများအတွက် အာဟာရနှင့် ဆေးတိုက်ကျွေးမှု အသိပညာပေးရှင်းလင်းပြောကြားကြောင်း သိရသည်။ ထို့နောက် တက်ရောက်လာကြသူများ၏ မေးမြန်းကြသော အကြောင်းအရာများကို အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းငင်း(ပြန်/ဆက်)