တန့်ယန်း သြဂုတ် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်၊ ဆရာမများက ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရေးအတွက် ရေကန်ရေအိုးများစစ်ဆေး၍ သွားနှင့်ခံတွင်း ဆရာဝန် ဒေါက်တာ စိုးသန်းထိုက်က သွားကျန်းမာရေးအကြောင်း၊ ဆရာ၊ ဆရာမများက ကျန်းမာရေးဆိုင်ရာသိကောင်းစရာများကိုဟောပြော၍ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများက လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)