ညောင်ဦး ဩဂုတ် ၂၉
ညောင်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေအစီအစဉ်နှင့် အသေးစားထုတ်ကုန်လုပ်ငန်းရှင် (၂၀) ဦးကို ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့်အလေ့အကျင့်ဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သီတာထွန်းက ဒီဂျစ်တယ် အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာ သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်ပြောကြားကာ တက်ရောက်လာသည့် သင်တန်းသား/ သင်တန်းသူများဖြင့် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။
အဆိုပါသင်တန်းတွင် ဒီဂျစ်တယ် နည်းပညာအသုံးပြုခြင်းဆိုင်ရာ အသိပညာများ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ရေးဆွဲထားသော SSID Online Registration Website ဝင်ရောက်နည်း၊ အသုံးပြုနည်းနဲ့ ထုတ်ကုန်ပစ္စည်းများကို Online စနစ်ဖြင့် ရောင်းချရာမှာ မှတ်ပုံတင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများကို အသေးစားကုန်ထုတ်လုပ်ငန်းရှင် (၂၀) ဦးအား သင်ကြားပို့ချပေးပါတယ်။
သင်တန်းဆင်းလုပ်ငန်းရှင်များ အနေနဲ့ခေတ်နဲ့လျော်ညီတဲ့ ဒီဂျစ်တယ်နည်းပညာများကို မိမိတို့လုပ်ငန်းများမှာ ထိထိရောက်ရောက် အသုံးချလာနိုင်ပြီး ၎င်းတို့ လို့အပ်တဲ့ လုပ်ငန်းပိုင်းဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နဲ့တပြေးညီ ရရှိလာနိုင်သလို လုပ်ငန်းရှင်များအချင်းချင်း ချိတ်ဆက်မှု အားကောင်းပြီး ပြည်တွင်း/ပြည်ပ ဈေးကွက်များလည်း တိုးချဲ့လာနိုင်မှာဖြစ်ပါကြောင်း Micro လုပ်ငန်းများအတွက် Online Registration ဆိုင်ရာနည်းလမ်းများ အားကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးသင်ကြားပေးခဲ့ပြီး ညနေ (၄) နာရီတွင် သင်တန်းဆင်းပွဲ အခမ်းကျင်းပခဲ့ရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက သင်တန်းသားအသီးသီးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
ဒီဂျစ်တယ် အသိပညာခံယူချက်နှင့်အလေ့အကျင့်ဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ကော်မတီဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်မြို့နယ်ကော်မတီဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း