မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ် - ၂၀၂၅ ( Future Front Myanmar Youth Strategy Forum-2025) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန် ဩဂုတ် ၂

မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ် - ၂၀၂၅ ( Future Front Myanmar Youth Strategy Forum-2025) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၃)တွင်ကျင်းပခဲ့သည်။

ဦးစွာ မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ် - ၂၀၂၅ ဦးစီးကော်မတီဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ သယ်ယူပို့ဆောင်ရေး၊ ကျွေးမွေးဧည့်ခံရေးကိစ္စများနှင့် တည်းခိုနေထိုင် ရေး၊ လေ့လာရေးခရီးစဉ်များအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ရာ လုပ်ငန်းကော်မတီများဖွဲ့စည်းပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိနေပြီဖြစ်ကြောင်း၊ ကော်မတီအသီးသီးမှလုပ်ငန်းတာဝန်များအပေါ် အလေးထားဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းလိုအပ်ချက်များအား တင်ပြဆွေးနွေးကြရန်စသည်တို့ကိုပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးဌေးအောင်က လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများက လုပ်ငန်းကော်မတီများ ဖြစ်သည့် လုံခြုံရေးလုပ်ငန်းကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးနှင့် စီစဉ်ရေးလုပ်ငန်းကော်မတီ၊ ကြိုဆိုရေးနှင့် တည်ခိုနေထိုင်ရေးလုပ်ငန်းကော်မတီ၊ ဧည့်ခံကျေးမွေးရေးလုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချ ထားရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ အထောက်အကူပြုလုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ လေ့လာရေးခရီးစဉ် လုပ်ငန်းကော်မတီနှင့် ဆွေးနွေးပွဲအချက်အလက်များ အထောက်အကူပြုလုပ်ငန်းကော်မတီများ၏ လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက်တက်ရောက်လာကြသူများက လုပ်ငန်းအခြေအနေများကိုဆွေးနွေးခဲ့ကြပြီး မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ် - ၂၀၂၅ ဦးစီးကော်မတီဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက ပေါင်းစပ်ညှိနှိုင်းပူပေါင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)