မိုင်းခတ် ဩဂုတ် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်း မွေးမြူရေးလုပ်ငန်းဖြစ်သည့် နွားမွေးမြူရေး လုပ်ငန်းအခြေအနေကို ယနေ့နံနက်ပိုင်းက နောင်လုံးကျေးရွာအုပ်စု၊ ဝမ်ပီဝမ်မိုင်ကျေးရွာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို မိုင်းခတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသက်နောင်ထွေးနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာသက်ဝင်းမောင်တို့က ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အခြားမိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ချေးငွေများထုတ်ချေးပေးပြီး ကျေးရွာရှိ နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုရာ ဝမ်ပီဝမ်မိုင်ကျေးရွာမှ နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်သူများက လိုက်လံပြသရှင်းလင်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)