ပြည်ကြီးတံခွန်မြို့နယ် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ကြီးတံခွန် ဩဂုတ် ၂၉

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုအဖွဲ့မှ ကြီးမှူး၍ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်မေသူအောင်က လျန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှု (LMLECC) မှ ပေးပို့လာသည့် ‌ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာဗီဒီယို‌ဆင့်ပွားအသိပညာပေးခြင်းကို ပြသပေးခဲ့ပြီး မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်ကလည်း ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးနှင့်ပက်သက်၍ သိကောင်းစရာများကို မှာကြားဟောပြောခဲ့သည်။

ယင်းဟောပြောပွဲကို မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် ပြည်သူများ အင်အား (၇၁) ဦး‌ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင်