မိုင်းပျဉ်း သြဂုတ် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းတွင်း အဆို၊ အက၊ အတီးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက နဝဒေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပညာရေးမှူး ဒေါ်နန်းဟွမ်နွမ်းနှင့် အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်တို့က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့် အကပြိုင်ပွဲတွင် (၆) ဦး၊ အလယ်တန်းအဆင့်အကပြိုင်ပွဲတွင် (၁၀) ဦး၊ မူလတန်းအဆင့်အကပြိုင်ပွဲတွင် (၂၆) ဦး၊ အလယ်တန်းအဆင့်အဆိုပြိုင်ပွဲတွင် (၁၃)ဦး၊ မူလတန်းအဆင့်အဆိုပြိုင်ပွဲတွင် (၁၃)ဦးနှင့် အထက်တန်းအဆင့် အတီးပြိုင်ပွဲတွင် (၂)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၇၀)ဦး ပါဝင်ယှဉ်ပြိုင်ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် အထက်တန်းပြဆရာမတို့က အကဲဖြတ်အမှတ်ပေး၍ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ အဆို၊ အက၊ အတီးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသားစုံညီပွဲတော်ကျင်းပချိန်၌ ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နန်းသန္တာဦး(ပြန်/ဆက်)