မိုးနဲ ဩဂုတ် ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်၌ အာဟာရရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနခန်းမတွင် ဩဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇင်မီဟန်နှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ နို့တိုက်မိခင်နှင့်ကလေးငယ်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူးက အာဟာရရက်သတ္တပတ်ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး တက်ရောက်လာသော ကလေးများအား ဗီတာမင်ဆေးများတိုက်ကျွေးခြင်း၊ မိခင်နှင့်ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဖြစ်စေမည့် ကြက်ဥ၊ ငှက်ပျောသီး၊ သံကျဆေး၊ အားဆေး၊ နို့နှင့် ဓာတ်ဆားထုတ်များ အစရှိသည်တို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)