တပ်နယ်(လင်းခေး)၌ ၂၀၂၅ ခုနှစ်(တတိယအကြိမ်)မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

လင်းခေး သြဂုတ် ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ တပ်နယ်(လင်းခေး)၏ ၂၀၂၅ ခုနှစ် တတိယအကြိမ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် နာရီခွဲက တပ်နယ်စိုက်ကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစိုက်ပျိုးပွဲမကျင်းပမီ တပ်နယ်(လင်းခေး)မှ တပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်ထွန်းလတ်က တပ်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ တာဝန်ရှိသူတို့ထံ ပျိုးပင်များအသီးသီးပေးအပ်ခဲ့ပါသည်။

ယင်းနောက် တပ်နယ်မှူး၊ လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်ကာ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။ ဆက်လက်၍ တပ်နယ်မှူးနှင့် တာဝန်ရှိသူတို့က တက်ရောက်လာကြသည့် တပ်နယ်တပ်ရင်းများမှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများက တစ်ပျော်တစ်ပါးစု ပေါင်းသစ်ပင်စိုက်ပျိုးနေမှု အခြေအနေအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ စိုက်ပျိုးပွဲတော်ကို ရုပ်သိမ်းလိုက်ပါသည်။

ယနေ့ စိုက်ပျိုးခဲ့ကြသည့် အပင်အမျိုးအစားမှာ ရတနာတန်းဝင်ကျွန်းပင်စုစုပေါင်း (၅၅၀)ပင်ဖြစ်ပြီး၊ စိုက်ပျိုးပွဲတော်သို့ တပ်နယ်မှူး၊ တပ်နယ်တပ်ရင်းများမှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးမှူးများနှင့် ဝန်ထမ်းများ စုစုပေါင်းအင်အား (၅၅၀)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)