ကျိုင်းတုံ ဩဂုတ် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းနှင့် မဲမေးစက်လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ဇူလိုင် ၂၁ ရက်မှ ဩဂုတ် ၃၀ ရက်အထိ ကျိုင်းတုံမြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ ၁၃၅၅ ဦးအား အ.ထ.က-၂၊ သံလွင်ခန်းမတွင် ဖွင့်လှစ်သင်ကြားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူများအား အီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်း၊ လက်တွေ့ကိုင်တွယ်စမ်းသပ်မဲပေးခြင်း၊ မဲရလဒ်များထုတ်ပြန်ခြင်း စသည့် လုပ်ငန်းစဉ်များ သင်ကြားပို့ချဆောင်ရွက်နေမှုအား ယမန်နေ့က ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှ့)ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှ့)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သင်တန်းအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)