စစ်တွေ ဩဂုတ် ၂၈
ရခိုင်ပြည်နယ် စစ်တွေခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နေ့လယ်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များလှူဒါန်းခြင်း အခမ်းအနားကျင်းပသည်။
ဦးစွာ စစ်တွေခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး (တာဝန်ပေး) ဦးတင်ထွန်းက စာပေဖတ်ရှုလေ့လာသူများ တိုးပွားလာစေရန်နှင့် လူငယ်လူရွယ်များ စာပေလေ့လာဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ခရိုင်ပြည်သူ့စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခြင်းအပေါ် ကျေးဇူးတင်စကားပြောကြားပြီး စာရေးဆရာ၊ သတင်းစာဆရာ ကျွန်းသားငမန်းက စာအုပ်များလှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် စာရေးဆရာ၊ သတင်းစာဆရာ ကျွန်းသားငမန်းက ရခိုင်ပြည်နယ်ဖြစ်စဉ် သမိုင်းများ စီးပွားရေးကဏ္ဍ၊ အပိုင်း(၃)၊ ရခိုင်ကမ်းရိုးတန်းဒေသ ရေလုပ်ငန်းစီးပွားရေး၊ ယနေ့ရခိုင်ပြည်နယ် လူမှုစီးပွားပထဝီစသည့် သုတ၊ ရသစာအုပ်စာစောင်များကိုလှူဒါန်းရာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဦးတင်ထွန်းက လက်ခံယူသည်။
အဆိုပါ စာအုပ်စာစောင်များလှူဒါန်းပွဲသို့ စစ်တွေခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(တာဝန်ပေး)နှင့် ဝန်ထမ်းများ၊ စာရေးဆရာ၊ သတင်းစာဆရာ ကျွန်းသားငမန်း၊ စာရေးဆရာ ဂေါယာ မြေစောဝင်း၊ စာရေးဆရာ အောင်ကြည်မိုး(သင်ပုန်းတန်း)၊ စာရေးဆရာ မြတ်ဌေး (ပေါက်လေ)နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)