သင်္ဃန်းကျွန်း သြဂုတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဦးဘဟန်လမ်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးသင်္ဃန်းကျွန်းမြို့ရုံးတွင် မြို့နယ်အတွင်းရှိ ပြည်သူများအား Smart Card (Biomertric Card)များအား မြို့နယ်ဦးစီးမှူးဦးဝင်းနိုင်ထွေးနှင့် ဝန်ထမ်းများကထုတ်ပေးလျက်ရှိရာလာရောက်ထုတ်ယူသူများပြားလျက်ရှိသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာနမှ နိုင်ငံအတွင်းနေထိုင်သူ အသက် ၁၀ နှစ်အထက်ရှိသူများကို electronic စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ(Biographic Data)နှင့် ဇီဝအချက်အလက်များ(Biometric Data)များကိုကောက်ယူမှတ်ပုံတင်၍ ဂဏန်း(၁၀)လုံးပါရှိသည့် UID (Unique Identity Number)သတ်မှတ်ထုတ်ပေးလျက်ရှိရာ Biographic/ Biometric အချက်အလက်များမှတ်ပုံတင်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား(သို့မဟုတ်) နိုင်ငံတော်အစိုးရမှတရားဝင်ထုတ်ပေးထားသော အထောက်အထားလက်မှတ်တစ်ခုခုအား တစ်ပါတည်းယူဆောင်လာရန်လိုအပ်ကြောင်း သိရသည်။
Smart Card များအားအစိုရရုံးပိတ်ရက်များမှအပ နေ့စဥ်နံနက်ပိုင်းမှစ၍ လျှောက်ထားသည့်ပြည်သူများအားထုတ်ပေးလျက်ရှိကြောင်းသတင်းရရှိသည်။
ဇော်မိုး(သင်္ဃန်းကျွန်း)