ပြင်ဦးလွင်မြို့ရှိ  အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြော

ပြင်ဦးလွင်   ဩဂုတ်    ၂၈      

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့တွင်  ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှကြီးမှူး၍  ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးအသိပညာပေးဟောပြာပွဲကို ဩဂုတ် ၂၇ ရက် မွန်းလွဲ ၁ နာရီကအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာဝတီခန်းမ၌ ကျင်းပသည်။

ဦးစွာ  ပြင်ဦးလွင်ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဌ  ဒေါ်ရွှေမိုးသူဇာက အမှာစကားပြောကြားပြီး  ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးဗီဒီယိုကိုပြသခဲ့သည်။ ဆက်လက်၍တာဝန်ရှိသူများက ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးဗီဒီယိုပြသမှုအား ကျောင်းသား၊ ကျောင်းသူများအား ရှင်းလင်းပြောကြားပြီး  ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက  ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)