ဒဂုံ(အရှေ့) ဩဂုတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီကကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ကော်မတီဥက္ကဋ္ဌဦးသန့်ဇော်က နိုင်ငံပိုင်အခန်းရင်းနှီးမြှုပ်နှံမှုအစီအစဉ်များကို ရေးဆွဲတင်ပြနိုင်ရေးအတွက် ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်လုပ်ငန်းစီမံကိန်းများရေးဆွဲရာတွင် စနစ်တကျရေးဆွဲပေးကြစေလိုကြောင်း၊ ရပ်ကွက်၊ ကျေးရွာအတွင်းလိုအပ်လျက်ရှိသောလမ်း၊ တံတား၊ လျှပ်စစ်၊ ရေသန့်လုပ်ငန်းများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာဌာနများကညှိနှိုင်းပေါင်းစပ်ရေးဆွဲနိုင်ရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံကိန်းဦးစီးမှူးဒေါ်ဇင်မာမြင့်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေတို့ဖြင့်ဆောင်ရွက်လိုသည့် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများဆောင်ရွက်ရန်တင်ပြထားသည့် စီမံကိန်းလုပ်ငန်းများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီးတက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် မိမိတို့တင်ပြထားသည့်လုပ်ငန်းစီမံကိန်းများနှင့် ပတ် သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးသန့်ဇော်၊ မြို့နယ်စီမံကိန်းဦးစီးမှူးဒေါ်ဇင်မာမြင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများရောက်ခဲ့ကြကြောင်း သိရသည်။
အေးမဉ္ဇူ