မော်လမြိုင် ဩဂုတ် ၂၈
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်များအသိပညာဗဟုသုတကြွယ်ဝစေရန်နှင့်ဘက်စုံဖွံဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ ထူးချွန်ထက်မြက်သောအနာဂတ်လူငယ်၊ လူရွယ်များပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ပိုင်းက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ပွင့်ဦးမာလာခန်းမ၌ ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ မော်လမြိုင်မြို့နယ်တာဝန်ခံ မြို့နယ်ပညာရေးမှူးက ယခုလိုလူငယ်စကားဝိုင်းများကျင်းပခြင်းဖြင့် ကျောင်းသားလူငယ်များ အနာဂတ်ခေါင်းဆောင်ကောင်းများဖြစ်လာမှာဖြစ်ကြောင်း၊ ဗဟုသုတများပြည့်စုံကာကောင်းကျိုးရလဒ်များရရှိလာသလို လုပ်ကိုင်ဆောင်ရွက်ရာတွင် စီမံခန့်ခွဲတတ်သောသူများဖြစ် လာမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒါ်ခင်စန်းမြင့်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး (အ.ထ.က-၄)ကျောင်းမှ(Grade-10)နှင့် (Grade_11)ကျောင်းသား/သူများက လူငယ်နှင့်ဘဝနေနည်း၊ လူငယ်နှင့်ဇာတိမာန်၊ လူငယ်နှင့်အနုပညာ၊ လူငယ်နှင့်စာပေလေ့လာမှု၊ လူငယ်နှင့်လူငယ့တာဝန်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသောကျောင်းသား/သူများက အဆိုပါခေါင်းစဉ်များနှင့်ပတ်သက်ပြီး သိလိုသည့်အချက်များအားပြန်လည်မေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများအဖြစ်ပါဝင်ဆောင်ရွက်ကြသည့် ကျောင်း သား၊ ကျောင်းသူများနှင့်တာဝန်ရှိသူများကပြန်လည်ဖြေကြားခဲ့ပြီး ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကာ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။
စည်သူ(ပြန်/ဆက်)