နေပြည်တော် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းဖွင့်ပွဲ ကျင်းပ

နေပြည်တော် ဩဂုတ် ၂၈

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၂၄)ဖြင့် “ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခန်းမ၌ကျင်းပရာ နေပြည်တော်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာများနှင့် လုပ်ငန်းရှင် ၂၀ ဦး တက်ရောက်သည်။

ဦးစွာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးက အဖွင့်အမှာစကား ပြောကြားပြီး ကျွမ်းကျင်သူပြင်ပနည်းပြများမှ ဒစ်ဂျစ်တယ်နည်းပညာ သိမြင်နားလည် တတ်မြောက်ခြင်းနှင့် မိမိလုပ်ငန်းများ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဒစ်ဂျစ်တယ်နည်းပညာ (Digital Technology)၊ Digital Toolsများအကြောင်း၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း (Digital Transformation)နှင့် နည်းပညာပြောင်းလဲမှုများ အပေါ်ပြန်လည်သုံးသပ်ခြင်း၊ MSMEs လုပ်ငန်းများတွင် ဒစ်ဂျစ်တယ် အသွင်ပြောင်းခြင်းများ၊  စားသုံးသူရေးရာဦးစီးဌာနမှ  Online စနစ်ဖြင့် ရောင်းချရာတွင် မှတ်ပုံတင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ဌာနမှ Micro လုပ်ငန်းများအတွက် Online  Registration ဆိုင်ရာ နည်းလမ်းများအား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင်ကြားပေးခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)