လမ်းမတော် သြဂုတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် မြို့နယ်အတွင်းရှိ ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဉ်း ရောဂါဝေဒနာရှင်များအား ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနီနီအေး ဦးဆောင်သော ကျန်းမာရေးဝန်းများမှ အသက် (၄၀) နှင့်အထက် သက်ကြီးရွယ်အိုများ၊ ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဉ်း ရောဂါအခံရှိသူများ၊ နာတာရှည်ဝေဒနာရှင်များ စိတ်အေးချမ်းသာစွာ ကျန်းမာရေးစစ်ဆေးမှုများခံယူနိုင်ရန် စမ်းသပ်စက်ကိရိယာများဖြင့် စစ်ဆေးဆောင်ရွက်ပေးခြင်း၊ Home exercise များ ပြုလုပ်ပေးခြင်း၊ လိုအပ်သည့် ဆေးကုသမှုများ ခံယူစေခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)