မက်မန်းမြို့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မက်မန်း ဩဂုတ် ၂၈

ရှမ်းပြည်နယ်၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့သည် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က မက်မန်းမြို့နယ် ငှက်ယောင်းကျေးရွာအုပ်စု၊ ဝမ်ဟွေကျေးရွာ ဘက်စုံသုံးခန်းမတွင် သွားရောက်ကွင်းဆင်း‌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မက်မန်းမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများက မိမိဌာနတစ်ခုခြင်းစီမှ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားပြီး ဝမ်ဟွေကျေးရွာ၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ရပ်ရွာလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများ၊ ကျန်းမာရေး၊ ပညာရေး အစရှိသည့် ကဏ္ဍများအလိုက် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆွေးနွေးဟောပြောခဲ့ကြသည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် မဲပေးသည့်နည်းစနစ်အား ဒေသခံပြည်သူများအားသိရှိနားလည်စေရန် ရှင်းလင်းချပြခြင်း၊ သရုပ်ပြမဲပေးခြင်း၊ လက်တွေ့လိုက်ပါဆောင်ရွက်စေခြင်းတို့ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများနှင့် ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

အေဇက်ထွန်း(မက်မန်း)