မန္တလေး ဩဂုတ် ၂၈
မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အာစရိယပူဇော်ပွဲ ကျင်းပရေး ဆပ်ကော်မတီ (တတိယ) အကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက URC အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးအား အာစရိယပူဇော်ပွဲ ဆပ်ကော်မတီအဖွဲ့ဝင်များ မန္တလေးတက္ကသိုလ်မှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖနှင့် ကျောင်းသားဟောင်းများ တက်ရောက်ဆွေးနွေးခဲ့ကြပြီး မန္တလေး တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမေသွယ်အေးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ရာ မန္တလေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့တွင် အသက် (၇၀) ပြည့်မည့် ဘာသာရပ်ပေါင်းစုံမှ ဆရာကြီး၊ ဆရာမကြီး ၆၁၂ ဦး အား အတည်ပြုစာရင်း ထုတ်ပြန်ကာ မန္တလေးတက္ကသိုလ် ရာပြည့် အထိမ်းအမှတ်နေ့တွင် အာစရိယပူဇော်ပွဲ ကျင်းပနိုင်စေရန် အာစရိယပူဇော်ပွဲဆပ်ကော်မတီ ဖွဲ့စည်း၍ တက်ရောက်လာသူများအား အသီးသီး တာဝန်ခွဲဝေပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း