မိုင်းယောင်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

မိုင်းယောင်း ဩဂုတ် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်မန်းအုပ်စု၊ ဟိုရမ်းကျေးရွာနှင့် ဝမ်ဘန်းကျေးရွာတို့၌ ယနေ့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းဝင်းတင်က ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနိုင်ရေး ဆောင်ရွက်ထားရှိ အခြေအနေများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးမိုးဝင်း(ခ) တင်မိုးဝင်းက မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ကော်မရှင်ရုံးမှ ဒုတိယဦးစီးမှူး ဦးဇင်မင်းထွန်းနှင့် အကြီးတန်းစာရေး ဒေါ်သန်းသန်းစောတို့က မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနည်းအား သရုပ်ပြသပြီး တက်ရောက်လာသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံနှင့် ဒေသခံပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းကို လက်တွေ့လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း