လဲချားမြို့ နောင်ပန်ကျေးရွာ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်း ဆောင်ရွက်

လဲချား ဩဂုတ် ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့ နောင်ပန်ကျေးရွာခန်းမ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိ ဒေါ်ဇင်နွယ်ဌေးက မြန်မာအီလက်ထရောနစ်(MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်း အသိပညာပေးခြင်း ဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်း အသုံးပြုပုံ၊ အသုံးပြုနည်းများအား ရှင်းလင်းပြသပေးသည်။ ယင်းနောက် တက်ရောက်လာသော နောင်ပန်ကျေးရွာနေ ပြည်သူများက မြန်မာအီလက်ထရောနစ်မဲ‌ပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်းကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းသို့  မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဦးစီးအရာရှိနှင့် ရုံးအဖွဲ့များက စနစ်တကျကြီးကြပ်၍ ရှင်းလင်းသရုပ်ပြသဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)