ကွမ်းခြံကုန်း ဩဂုတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကွမ်းခြံကုန်းမြို့နယ်၊ မြို့မစျေးတွင် အခြေခံစားသောက်ကုန်စျေးနှုန်းများ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ကုလားပဲ၊ အိုင်အိုဒင်းဆား၊ မန်ကျည်းသီးစျေးနှုန်းများအား စိစစ်ပြီး လုပ်ငန်းရှင်များအား လူတိုင်းနေ့စဥ်စားသောက်နေသည့် ထမင်းဟင်းများကိုချက်ပြုတ် စားသောက်ရာတွင် အခြေခံစားသောက်ကုန်သည်စားသုံးသူများ နေ့စဥ်မရှိမဖြစ် ဝယ်ယူသုံးစွဲနေရသည့် ကုန်စည်များဖြစ်ခြင်းကြောင့် ပစ္စည်းပြတ်လပ်မှုအရှိစေရေး၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိစေရေးတို့ကို ရောင်းချသူများနှင့် တွေ့ဆုံဆွေးနွေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် မြို့နယ်စည်ပင်သာယာရေးရာအဖွဲ့၊ စျေးတာဝန်ခံ ဦးသန့်ဇော်ဦးတို့က ပူးပေါင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)