စဉ့်ကိုင်မြို့နယ်တွင် ငလျင်ဘေးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေးဟောပြော

စဉ့်ကိုင် ဩဂုတ် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက် ၁၀:၀၀ နာရီက ငလျင်ဘေးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ရာ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှူးက သဘာဝဘေးအန္တရာယ်ဖြစ်သည့် မြေငလျင်အန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရှိရမည့် အချက်များ၊ ငလျင်လှုပ်နေစဉ်တွင် လိုက်နာရမည့် အချက်များနှင့် ရှောင်ရှားရမည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန် အချက်များနှင့် ရှောင်ရှားရမည့်အချက်များ၊ ငလျင်ပြင်းအားများအလိုက် သက်ရောက်မှုရှိနိုင်ခြေများ စသည့် အကြောင်းအချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား ငလျင်ဘေး အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရသည်။

ကျော်စွာ (စဉ့်ကိုင်)