မှော်ဘီ ဩဂုတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေးယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၂၆ ရက်နေ့နံနက် ၁၀ နာရီအချိန်က မှော်ဘီမြို့နယ်အ.ထ.က(မြောင်းတကာ) ကျောင်းမြတ်လေးခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခဲ့ သည်။
အခမ်းအနားတွင် မှော်ဘီတပ်ဖွဲ့စု(၆၄)မှ ဒုရဲမှူးအောင်ဇော်က ကျောင်းသား၊ ကျောင်းသူများအား ခြေလျှင်လျှောက်သူများဆိုသည်မှာ ခြေလျှင်လျှောက်သူများ လိုက်နာရမည့်စည်းကမ်းများ၊ လမ်းဖြတ်ကူးလိုပါလိုက်နာရမည့်စည်းကမ်းများ၊ အုပ်စုလိုက်အစုအဝေးဖြင့်လျှောက်လိုပါက လိုက်နာရမည့်စည်းကမ်းများ၊ အနှေး ယာဉ်စီးနင်းသူများလိုက်နာရန်စည်းကမ်းများ၊ မော်တော်ဆိုင်ကယ်စီးသူများလိုက်နာရမည့်စည်းကမ်းများကိုအသိပညာပေးပြောကြားခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့သည်။
အဆိုပါဟောပြောပွဲသို့ မှော်ဘီမြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စု(၆၄)မှ ဒုရဲမှူးအောင်ဇော်နှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်(၆)ဦး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၄၂၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
ဝင်းဇော်(ပြန်/ဆက်)