မိုးညှင်း ဩဂုတ် ၂၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၈)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များမှ မိတ်ဆက်ပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်က လာမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ အမှာစကားပြောကြားကာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဧပရာယ်စိုးက လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများက လာမည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရွေးကောက်ပွဲအကြို လုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲကာလလုပ်ငန်းစဉ်များနှင့် ရွေးကောက်ပွဲအလွန် လုပ်ငန်းစဉ်များတွင် ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းအစီအစဉ်များ၊ ရွေးကောက်ပွဲဥပဒေနှင့်အညီ ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း(ပြန်/ဆက်)