ဇေယျာသီရိ ဩဂုတ် ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ဆင်သေချောင်းရေမြင့်တက်လာမှုကြောင့် ချောင်းဘေးရှိ ကျေးရွာများအတွင်း ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ဇေယျာသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသူနှင့် မီးသတ်တပ်ဖွဲ့များ၊ တပ်မတော်သားများ၊ လူမှုရေးအသင်းအဖွဲ့များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ကျည်တောင်ကျေးရွာရှိ ကိုးခမ်းကြီးဓမ္မာရုံတွင် ဖွင့်လှစ်ထားရှိသည့် ရေဘေးကယ်ဆယ်ရေးစခန်းသို့ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)