မိုင်းရှူးမြို့၌ ဒေသခံပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းကို အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်

 

မိုင်းရှူး သြဂုတ် ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းလှိုင်နှင့် အဖွဲ့ဝင်များက မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီခွဲအချိန်က အမှတ်(၂)ရပ်ကွက်၊ ဘုံခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်နန်းဝိုခမ်းက မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်းနှင့် မဲပေးခြင်းပုံစံအား အကျယ်တဝံ့ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ဒေသခံပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

မိုင်းရှူးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၇)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၇)အုပ်စုရှိပြီး အဆိုပါကျန်ရှိနေသော ရပ်ကွက်နှင့် ကျေးရွာများကိုလည်း အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မဲပေးခြင်းများ ဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)