ပူတာအိုမြို့နယ်၊ မူလွန်-ဂျူဗလီကျောင်း၌ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်းဆောင်ရွက်

ပူတာအို ဩဂုတ် ၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းမှုဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိလာစေရန်၊      စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် အများရှေ့တွင် ပြောရဲဆိုရဲသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်းဆောင် ရွက်ခြင်းကို ဩဂုတ်(၂၆)ရက်နံနက်(၁၀)နာရီက ပူတာအိုမြို့နယ် ဆာရ်ခွမ်ဒမ်းကျေးရွာအုပ်စု ဂျူဗလီကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမိုးနိုင်က ခရိုင်ပြည်သူ့စာကြည့်တိုက်၏ ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လူကုန်ကူးမှုတားဆီကာကွယ်ရေးနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို အကျယ်တဝင့် အသိပညာပေးဟောပြောပြီး ကျောင်းသူတစ်ဦးက “ကြောင်နှင့်ကြွက်”ပုံပြင်ဖြင့် ပုံပြင်ဖတ်ပြခြင်းအစီအစဉ်တွင် ပါဝင်လျက်ရှိရာ ခရိုင်ဦးစီးအရာရှိက ပုံပြင်ဖတ်ပြခြင်း အစီအစဉ်တွင်ပါဝင်ခဲ့သော ကျောင်းသူအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန်အတွက် စာအုပ်စာစောင်များငှါးရမ်းဖတ်ရှုစေပြီး ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲ၊ လူကုန်ကူးမှုတားဆီးကာကွယ် ရေးအသိပညာပေးနံရံကပ်စာစောင်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးကာကွယ်တိုက်ဖျက်ရေးအသိပညာပေးနံရံကပ် စာစောင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပြန်/ဆက်)