ကွမ်းခြံကုန်းမြို့နယ်၊ စံပြရပ်ကွက်၊ အ.မ.ကကျောင်း၌ တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုများအားဆောင်ရွက်

ကွမ်းခြံကုန်း ဩဂုတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် တိုင်းရင်းဆေးကုဌာနက စံပြရပ်ကွက်၊ အ.မ.ကကျောင်း၌ တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့် ရှောက်မှုများအား ယနေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါကွင်းဆင်းဆေးကုသမှုကို ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်တိုင်းရင်းဆေးကုဌာန လက်ထောက်တိုင်းရင်းဆေးမှူးဒေါ်အေးမြတ်စိုးက မိုးရာသီတွင်ဖြစ်ပွားတတ်သောသွေးလွန်တုပ်ကွေးရောဂါအကြောင်းဟောပြောခဲ့ပါသည်။

ဆက်လက်၍ ကွမ်းခြံကုန်းမြို့နယ် မြို့နယ်တိုင်းရင်းဆေးကုဌာန၊ လက်ထောက်တိုင်းရင်းဆေးမှူး‌ဒေါ်အေးမြတ်စိုးက ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေးကြည့်ရှုစစ်ဆေးခဲ့ခြင်းနှင့် တိုင်းရင်းဆေးပညာဖြင့်ဆေးကုသပေးခဲ့ကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)