ခရမ်း ဩဂုတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ အ.ထ.က(ညောင်ပင်ကွင်း)ကျောင်းတွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၂၅ ရက်နေ့နံနက် ၁၀ နာရီ အချိန်ကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် အ.ထ.က(ညောင်ပင်ကွင်း)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်နီလာဝင့်က အဖွင့်အမှာစကားပြောကြားပြီး ပြန် ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်နှင်းဝေက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတရရှိမည့်စာပေများကို လေ့လာဖတ်ရှုစေလိုကြောင်း၊ စာပေဖတ်ရှုခြင်းကြောင့်အတွေးအခေါ်များမြင့်မားလာပြီး အသိပညာဗဟုသုတများရရှိစေကာ ဗလငါးတန်ဖြင့်ပြည့်စုံကြွယ်ဝသည့် လူငယ်၊ လူရွယ်များပေါ်ထွန်းလာမည်ဖြစ်ကြောင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းအရာများကို ဟောပြောခဲ့ပါသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးဦးခုပ်စွမ်းခိုင်က အားကစားနှင့်ပတ်သက်သည့်သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပြီး အားကစားပစ္စည်းများကို အ.ထ.က(ညောင်ပင်ကွင်း)ကျောင်းသို့လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)