စဉ့်ကိုင်မြို့နယ်အတွင်းရှိ KG ကျောင်းသား/ကျောင်းသူများအား အာဟာရကျွေးမွေး 

စဉ့်ကိုင် ဩဂုတ် ၂၈

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုအဖြစ် KG ကျောင်းသား/ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌  ပြုလုပ်သည်။

အဟာရကျွေးမွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအေးလွင်၊ မြို့နယ်မိခင်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူများက  သက်ဆိုင်ရာ ဆရာ/ဆရာမများပူးပေါင်းပြီး KG ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပြီး စနစ်တကျ လက်ဆေးနည်းများ၊ သွားခံတွင်း သန့်ရှင်းရေးလုပ်ငန်းများကို လက်တွေ့ဆောင်ရွက်ပေးခဲ့ပြီး  ကြက်သားဟင်း၊ ကန်စွန်းရွက်‌‌ကြော်၊ ကုလားပဲဟင်း၊ အာဟာရထမင်းများနှင့် ငှက်ပျောသီးများ ကျွေးမွေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်တစ်ဦးထံမှ သိရသည်။

ကျော်စွာ (စဉ့်ကိုင်)