သန်လျင်မြို့ လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်

ရန်ကုန် သြဂုတ် ၂၈

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တ ရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၂၆ ရက်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှပိုမိုက အဖွင့်အမှာစကားပြောကြားရာတွင် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်လျက်ရှိရာတွင် သဘာဝဘေးအန္တရာယ်ကျရောက်မှုသည်လည်း အဓိကအဟန့်အတားဖြစ်သည့်အတွက် သ ဘာဝဘေးနှင့်ပတ်သက်၍ ပြည်သူများအသိပညာဗဟုသုတများရရှိစေရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြခြင်းများကို သက်ဆိုင်ရာဌာနများ၊ လှုမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိမှုတို့အား အကျယ်တဝင့်ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးHကံထူးက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောရာတွင် ငလျင်ဘေး၊ ရေဘေး၊ မီးဘေး၊ မိုးကြိုးဘေးန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်မည့်နည်းလမ်းများအား ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက်အခမ်းအနားတက်ရောက်လာသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များအားလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)