လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီးဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာ အသိပညာပေး

ကျောက်ဆည် ဩဂုတ်  ၂၈

ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီးဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပသည်။

အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက “လူငယ်နှင့်စာဖတ်ခြင်း”၊ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက “လူငယ်နှင့်စာရိတ္တ”၊ ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်းနာယက မောင်ခိုင်ကျော်(ကျောက်ဆည်)က “စိတ်ထားဖြူစင်အောင်ပွဲဝင်” ခေါင်းစဉ်တို့ဖြင့် ဟောပြောကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)