သာစည် ဩဂုတ် ၂၈
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့ မိတ္ထီလာ - တောင်ကြီး ကားလမ်းမကြီးတစ်လျှောက်ရှိ လမ်းဘေးရှိ အိမ်ဆိုင်များ၊ ဈေးဆိုင်များ လမ်းနယ်အတွင်း ကျူးကျော်ဝင်ရောက်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်အဆင့်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ထံမှ သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် လမ်းနယ်အတွင်း ကျူးကျော် ဝင်ရောက်မှု မရှိစေရေး အသိပေးကာလဖြစ်သည့် ဩဂုတ် ၂၇ ရက်မှ ၃၁ရက်ရက်အတွင်း အသိပညာပေးခြင်းကို မြို့နယ်အဆင့်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ဦးကိုကိုကျော်ခေါင်းဆောင်သော အဖွဲ့ဝင်များသည် သာစည်မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မိတ္ထီလာ - တောင်ကြီး ကားလမ်းမကြီးတစ်လျှောက် အိမ်ဆိုင်များ၊ ဈေးဆိုင်များသည် မိမိပိုင်အိမ် ၊ ဈေးဆိုင်ဧရိယာ အတွင်း၌သာ ပစ္စည်းများထားရှိရန်၊ လူသွားလမ်း၊ ပလက်ဖောင်း၊ ရေမြောင်းမြေနှင့် မိမိနှင့်သက်ဆိုင်ခြင်းမရှိသည့် ဧရိယာ၌ ပစ္စည်းများစုပုံထားခြင်းမပြုလုပ်ရန်၊ အဖီဆွဲခြင်း၊ အမိုးများပြုလုပ်ခြင်းများမပြုလုပ်ရန်၊ ဆိုင်ဧရိယာအတွင်း သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ထားရန်နှင့် ဆိုင်းဘုတ်များ စနစ်တကျသစ်လွင်တောက်ပအောင် ဆောင်ရွက်ထားရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက စည်ပင်သာယာရေးအဖွဲ့များ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးဆွေးနွေးခဲ့ကြကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်