လယ်ဝေး ဩဂုတ် ၂၈
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စစ်တောင်းမြစ်ရေများ မြင့်တက်လာပြီး ချောင်းကမ်းဘေးရှိ ကျေးရွာများအတွင်း ရေများဝင်ရောက်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းမှစ၍ အဆိုပါ ကျေးရွာများသို့ သွားရောက်၍ ရေဝင်ရောက်လာပါက ကယ်ဆယ်ရေးစန်းများ ဖွင့်လှစ်ပြီး ပြည်သူများအား အချိန်မီရွှေ့ပြောင်းနိုင်ရေး ကွင်းဆင်းဆောင်ရွက်သည်။
အဆိုပါ ကျေးရွာများတွင် ရေကြီးခြင်းဖြစ်ပွားလာပါက ကျေးရွာအဝင်လမ်းများအား အမှတ်အသားထားရှိရေး၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ရှာဖွေကယ်ဆယ်ရေး အစုအဖွဲ့များကို စက်အင်အား၊ လူအင်အားအပြည့်ဖြင့် အသင့်စနစ်တကျစုဖွဲ့ပြီး အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရေး၊ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပြီး ပြည်သူများအား အချိန်မီရွှေ့ပြောင်းပေးနိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)