တွံတေး သြဂုတ် ၂၈
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ၂၀၂၄-၂၀၂၅ ပညာသင် နှစ်၏ပညာရည်ချွန်ဆုပေးပွဲကို သြဂုတ် ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။
ဦးစွာ Grade-10 မှ ကျောင်းသား၊ ကျောင်းသူများက "မြန်မာ့ကျောင်း" သီချင်းဖြင့်သီဆိုဖျော်ဖြေခဲ့သည်။ ဆက်လက်၍ တွံတေးခရိုင် ခရိုင်ပညာရေးမှူးဆရာမကြီးဒေါ်ခင်စန်းရီ၊ အ.ထ.က(၂) ကျောင်းအုပ်ဆရာကြီးဦးခင်ဇော်ညွှန့်တို့က အမှာစကားများပြောကြားခဲ့သည်။ ယင်းနောက် ဂုဏ်ထူးရအောင်သင်ကြားပေးသော ဆရာမများနှင့်လူရည်ချွန်အား ဂုဏ်ပြုဆုများပေးအပ်ခဲ့ပြီး Grade-1 မှကျောင်းသား၊ ကျောင်းသူများက"မြန်မာပြည်သား"တေးသီချင်းဖြင့်လည်းကောင်း၊ Grade-12 တွင်ဂုဏ်ထူးဖြင့်အောင်မြင်သူများ၊ ဂုဏ်ထူးရအောင်သင်ကြားပေးသော ဆရာ၊ ဆရာမများအား တာဝန်ရှိသူများကဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။
ထို့နောက် ကျောင်းတွင်းအတန်းအသီးသီးတွင် ထူးချွန်ဆုရကျောင်းသား၊ ကျောင်းသူများကို ကျောင်းအုပ်ဆရာကြီးနှင့်တကွတာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ခဲ့ကြောင်းသိရသည်။
ဆုပေးပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက "ဇာတိမာန်" တေးသီချင်းဖြင့်သီဆိုဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)