ပျော်ဘွယ် ဩဂုတ် ၂၈
ပျော်ဘွယ်မြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူလူငယ်များအသိပညာဗဟုသုတရရှိစေရန်အတွက် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာဗီဒီယိုပြသခြင်းနှင့်ဟောပြောပွဲကို ဩဂုတ်၂၈ရက် နံနက်၁၀နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးက တယ်လီဖုန်းဆက် သွယ်မှု၊ အွန်လိုင်းအသုံးပြု၍လိမ်လည်နေမှုတို့ကို ကျောင်းသားလူငယ်များ ဗဟုသုတရရှိစေရန် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းရှင်းလင်းဆွေးနွေးပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းထွန်းအောင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်စန်းစန်းကြူ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလဲ့လဲ့အောင်တို့က ဆက်သွယ်ရေးဆိုင်ရာများမှ လိမ်လည်မှုမခံရစေရေး ကြိုတင်သတိပြုရမည့်အကြောင်းအရာများကို ရှင်းလင်းဟောပြောကြသည်။
ထို့နောက် ဟောပြောပွဲသို့တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနမှ ပေးပို့ထားသည့် “ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး” အသိညာပေးဗီဒီယိုကို ပြသခဲ့ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)