သာကေတမြို့နယ် ဇိနမာရ်အောင်စေတီတော်မြတ်ကြီးအား တတိယအကြိမ်မြောက်လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေးဆောင်ရွက်

သာကေတ သြဂုတ် ၂၈          

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ (၇)အနောက်ရပ်ကွက်၊ မြင်တော်သာလမ်းရှိ ဇိနမာရ်အောင်စေတီတော်မြတ်ကြီးအား တတိယအကြိမ်မြောက်လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေးအတွက် ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင်ဦး‌ဆောင်သောအဖွဲ့မှ စေတီတော်ကြီး၏ရင်ပြင်တော်နှင့်အထက်ပစ္စယံများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ သာကေတမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကျော်သူ၊ အဖွဲ့ဝင်ဦးညွန့်ဝေ၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးညွန့်ဝင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဇိနမာရ်အောင်စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးကြည်ဝင်းနှင့်အဖွဲ့ဝင်များမှလိုက်ပါ‌၍ ဆောင်ရွက်ထားရှိမှုများအားရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ဇိနမာရ်အောင်စေတီဝင်းအတွင်းရှိ ဝိမုတ္တိရသဓမ္မဗိမာန်‌တော်ကြီး၌ ဇိနမာရ်အောင်စေတီတော်မြတ်ကြီးအား တတိယအကြိမ်မြောက်လုံးတော်ပြည့်ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းနိုင်‌ရေးအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ အခမ်အနားသို့ ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦး‌ဌေးအောင်၊ မြို့နယ်စီမံခန့်ခွဲ‌‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်ဦးညွန့်ဝေ၊ အတွင်းရေးမှူးရဲမှူးညွန့်ဝင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဇိနမာရ်‌အောင်‌စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကြည်ဝင်းနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ စုစုပေါင်းအင်အား(၄၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားအား နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင်မှ အမှာစကားပြောကြားခြင်း၊ ဇိနမာရ်အောင်စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးကြည်ဝင်းမှ ရွှေသင်္ကန်းကပ်လှူရေးစီမံချက်နှင့် ဆောင်ရွက်မည့်အစီအစဉ်များအားတင် ပြခြင်း၊ သာကေတမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကျော်သူမှ မြေပြင်တွင်‌‌ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်‌ဆောင် ရွက်မည့်အစီအစဉ်များအားဆွေးနွေးခြင်း၊ ဇိနမာရ်အောင်စေတီတော်နာယကအဖွဲ့ဝင်ဦးလှဒေါင်းမှတင်ပြဆွေးနွေးခြင်း၊ အခမ်းအနားသို့တက်ရောက်လာသူများမှဖြည့်စွက်ဆွေးနွေးခြင်း၊ အလှူရှင်များမှလှူဒါန်းသောစုစုပေါင်းလှူဒါန်းငွေကျပ်သိန်း(၂၄၀)အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင်နှင့် ဇိနမာရ်အောင်စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးကြည်ဝင်းတို့မှလက်ခံရယူခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင်မှ နိဂုံးချုပ်စကားပြောကြား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။

သဲထက်ဇင်(ပြန်/ဆက်)