တံတားမြို့တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေးသင်တန်း ဖွင့်လှစ်

တံတား သြဂုတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့စိုက်ပျိုးရေးဦးစီးဌာနကကြီးမှူး၍ တောင်သူများခေတ်မီနည်းပညာများလက်လှမ်းမီစေရန်နှင့် စိုက်ပျိုးထုတ် လုပ်မှုအထောက်အကူဖြစ်စေသည့်နည်းပညာပြန့်ပွားစေရန် တောင်သူများစိုက်ပျိုးရေးနည်းပညာပေးသင်တန်းကို တံတားမြို့စိုက်ပျိုးရေးဦးစီးဌာန၌ ယနေ့နံ နက်ပိုင်းကကျင်းပခဲ့သည်။

အဆိုပါအသိပညာပေးလုပ်ငန်းတွင် တံတားမြို့စိုက်ပျိုးရေးဦးစီးမှူးဦးဝင်းထွန်းမှ သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်အားရှင်းလင်းခြင်းနှင့် သန်လျင်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးထိန်လင်းဟန်က သဘာဝဘေးအရစိုက်ပျိုးသီးနှံများ ထိခိုက်ပျက်စီးမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ဘက်စုံပိုးမွှားရောဂါကာကွယ်ရေးနည်းများ၊ အဓိကသီနှံများပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များတွင် ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝမြေဆွေးများပြုလုပ်သုံးစွဲရေး၊ သစ်စိမ်းမြေဩဇာများ ထည့် သွင်းစိုက်ပျိုးရေး၊ သီးနှံ စိုက်ပျိုးရာတွင်သီးနှံများ၏ သက်တမ်းအလိုက်လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဓာတ်မြေဩဇာများထည့်သွင်းသုံးစွဲရာတွင် သီးနှံအထွက်တိုးစေရေး အချိန်ကိုက်အချိုးကျသုံးစွဲစိုက်ပျိုးရေး၊ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အဓိကသီးနှံ(၁၀)မျိုးပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးနှံစိုက်စွမ်းအားတိုးတက်ရရှိရေးအတွက် သီးထပ်တိုးစိုက်ပျိုးရေး၊ ရေမြေအခြေခံကောင်းသောစိုက်ဧရိယာများတွင် တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေးနှင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိစေရေးအတွက် သီးနှံအထွက်နှုန်းပိုမိုရရှိသောမျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးရေးစသည့်အကြောင်းအရာများ ရှင်းလင်းပို့ချဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာသောဒေသခံတောင်သူများက သိရှိလိုသည်များပြန်လည်မေးမြန်းရာ မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

လှိုင်သူဇာ(ပြန်/ဆက်)