မြစ်သား ဩဂုတ် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ရှိ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက သဘာဝ ပတ် ဝန်းကျင်နှင့် ပတ်သက်၍ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးမျိုးသီဟကျော်က ဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဦးသော်ထူးပိုင်က ရာသီဥတုပြောင်းလဲခြင်းအကြောင်း သိကောင်းစရာများ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများအကြောင်းများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား၊ကျောင်းသူ (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)