မဟာအောင်မြေမြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့်  လက်တွေ့စမ်းသပ်မဲပေးသရုပ်ပြပွဲများကျင်းပ

‎‎မဟာအောင်မြေ ဩဂုတ် ၂၈

‎‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားများကို ဩဂုတ် ၂၈ ရက်က ကျင်းပသည်။

‎‎နံနက်ပိုင်းတွင် မဟာအောင်မြေအရှေ့ရပ်ကွက် မြသိန်းတန်ဓမ္မာရုံ၌ ကျင်းပရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးဝင်းက မဲဆန္ဒရှင်များအား မြန်မာအီလက်ထရော နစ်မဲပေးစက်(MEVM) ဖြင့် သုံးစွဲပုံအဆင့်ဆင့်၊ ထိန်းချုပ်စက်ကိုင်တွယ်အသုံးပြုပုံများကို ရှင်းလင်းဟောပြောပြီးနောက်  တက်ရောက်သူများ ကိုယ်တိုင်စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်သည်။

အလားတူ မဟာအောင်မြေမြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအနေဖြင့် ဒေးဝန်းအရှေ့ရပ်ကွက်အတွင်းရှိ အများပြည်သူများကို မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဩဂုတ်(၂၈)ရက်က စိမ်ရွှင်သာ ဓမ္မာရုံ၌ ကျင်းပရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးရဲမင်းလွင်က မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)အကြောင်း အသိပေးဟောပြောပွဲပြီး  တက်ရောက်သူများက လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။

‎‎အောင်ဇော်မင်း